Electronic ဈေးကွက်တွင် ပန်ကာမျိုးစုံအရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

       ပူပြင်းလွန်းတဲ့နွေရာသီ အပူချိန်များသည့်ကာလဖြစ်သည့်ယခုကာလတွင် Electronic ဈေးကွက်၌ ပန်ကာမျိုးစုံ၊ လေအေးပေးစက်မျိုးစုံ ရောင်းဝယ်မှုများနေသည့်အချိန်နှင့်အညီ လူတန်းစားအလွှာအလိုက် မိမိတတ်နိုင်သလောက် ဝယ်ယူသုံးစွဲနေကြသည့်အထဲတွင် Air con များထက် လူတန်းစားအလွှာမရွေးသုံးစွဲနိုင်သည့် အားသွင်းပန်ကာငယ်လေးများ အရောင်းသွက်လျက်ရှိနေ‌ကြောင်းသိရှိရပါသည်။ ဈေးများအနေဖြင့် ကျပ်သောင်းဂဏန်းကျော်မှ သိန်းဂဏန်းကျော်ထိ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိပါသည်။၂၀၂၄ခုနှစ်၊ မေလပထမအပတ်မှတတိယအစအတွင်း USB/ Power Bank နှင့်တွဲသုံးလို့ရသည့် အားသွင်းပန်ကာလေးများကတော့ တစ်လုံးလျှင် ၂၅၅၀၀ကျပ်မှ ၂၈၅၀၀ကျပ်၊ kd 182 click fan ကတော့ လက်လီ/ လက်ကား တစ်လုံးကျပ် ၂၀၀၀၀မှ ၂၅၀၀၀ကျပ် အထိလည်းကောင်း ၆လက်မအရွယ်ရေငွေ့ထွက် Mini Air cooler အမျိုးအစားတစ်လုံး ၁၉၀၀၀ကျပ် Solar နှင့်အားသွင်းလို့လည်းရသည့်ပန်ကာများကလည်း ပစ္စည်းအရည်အသွေး၊ ထုတ်လုပ်သည့်နိုင်ငံပေါ်မူတည်၍ ကျပ်၇သောင်းကျော် ၈သောင်းမှစ၍ သိန်းဂဏန်းကျော်အထိဈေးနှုန်းများရှိပြီး ယခုကာလ Electronic ဈေးကွက်မှာ ပန်ကာမျိုးစုံ၊ အရွယ်အစားမျိုးစုံ Brand အပေါ်မူတည်၍ ဈေးနှုန်းများအသီးသီးကွာခြားမှုရှိကြကာ ရောင်းဝယ်သူများအလွန်များသည့်ပစ္စည်းများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)