အသားတိုးကြက်သား၊ ကြက်ဥများဈေးနှုန်းမြင့်တက်လာ

Powered by Drupal

       ပြည်မြို့နယ်ဒေသတွင်းနှင့် ရွှေတောင်မြို့နယ်ဒေသတဝိုက်တွင် အသားတိုးကြက်များ၊ ဥစားကြက်များအား တစ်နိုင်တစ်ပိုင်မွေးမြူခြင်း၊ စီးပွားဖြစ်မွေးမြူခြင်းလုပ်ငန်းများလုပ်ကိုင်ကြောင်းသိရှိပါသည်။ အသားတိုးကြက်များ၊ ဥစားကြက်များမွေးမြူရာတွင် အကောင်ရေ(၅၀၀)မှ (၁၀၀၀)အထိ တစ်နိုင်တစ်ပိုင်မွေးမြူခြင်း၊ အကောင်ရေ (၃၀၀၀)မှ (၅၀၀၀)အထိ စီးပွားဖြစ်မွေးမြူကြကြောင်းသိရှိရပါသည်။ အသားတိုးကြက်များသည် သားပေါက်အရွယ်မှ (၄၅)ရက်အကြာတွင် ဈေးကွက်အတွင်းရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ဥစားကြက်များအားမွေးမြူ၍ (၅)လအကြာတွင် ဥစမ်းများရရှိကြောင်းသိရှီရပါသည်။ အသားတိုးကြက်များ၊ ဥစားကြက်များသည် အချိန်ပိုင်းအတွင်း အကျိုးအမြတ်ရရှိကြောင်းသိရှီရပါသည်။ ဈေးကွက်အတွင်း အသားစားကြက်များသည် ဧပြီလက တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြစ်ပြီး၊ ယခုမေလတတိယအပတ်အစတွင် ပေါက်ဈေးနှုန်း ၁၆၀၀၀ကျပ်ဖြစ်ပါသည်။ ကြက်ဥဈေးနှုန်းမှာ ဧပြီလကတစ်လုံးလျှင် ၂၆၀ကျပ်ဖြစ်ခဲ့ပြီး မေလတတိယအပတ်အစတွင် ဈေးနှုန်းမှာ တစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားတိုးကြက်သားနှင့် ကြက်ဥဈေးနှုန်းများမှာ ယခင်ကထက်မြင့်တက်လာရခြင်းမှာ ကြက်စာများအားဝယ်ယူရာတွင် ဈေးနှုန်းများမြင့်တက်လာခြင်း၊ ရာသီဥတုပူပြင်းလာသည့်အတွက် ကြက်ဥပေါက်နှုန်းများကျဆင်းခြင်းကြောင့်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)