ပြည်ကုန်စည်ဒိုင်၏ ဆန်ကွဲ၊ ဖွဲနုဈေးနှုန်းများ

Powered by Drupal

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့်နိုင်ငံဖြစ်၍ စပါးကိုအဓိကထား၍ စိုက်ပျိုးကြပါသည်။ စပါးကိုကြိတ်ခွဲ၍ရရှိသောဆန်ကို လူတို့စားသုံးကြသလို စပါးကိုကြိတ် ခွဲ၍ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများဖြစ်သည့် ဆန်ကွဲနှင့် ဖွဲနုများကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ဆန်ကွဲကြီးကို သရေစာအဖြစ်စားသုံးရန်အတွက် ဆန်မရွေးအဖြစ်ပြုလုပ်ရန်ဝယ်ယူကြပါသည်။ ယခင်ဧပြီလတွင် ဖြစ်ပေါ်ခဲ့သော ဆန်ကွဲ၊ ဖွဲဈေးနှုန်းများမှာ ဆန်ကွဲကြီးတစ်အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲ (၂၃၄) တစ်အိတ်လျှင် ၄၃၀၀၀ကျပ်၊ ဆန်ကွဲ (၁၂)တစ်အိတ် လျှင် ၄၉၀၀၀ကျပ် နှင့် ဖွဲနုတစ်ပေါင်လျှင် ၂၂၅ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယခုလဖြစ်သော မေလဆန်းတွင် ဆန်ကွဲကြီးတစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ ဆန်ကွဲ (၂၃၄) တစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဆန်ကွဲ (၁၂) တစ်အိတ်လျှင် ၅၁၀၀၀ကျပ် နှင့် ဖွဲနုတစ်ပေါင်လျှင် ၂၃၅ကျပ်ဖြင့် ဧပြီလထက်စာလျှင် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ယခုအပတ်ဖြစ်သော မေလတတိယပတ်အစတွင် ဆန်ကွဲကြီးတစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ ဆန်ကွဲ (၂၃၄) တစ်အိတ်လျှင် ၄၆၀၀၀ကျပ်၊ ဆန်ကွဲ (၁၂) တစ်အိတ်လျှင် ၅၀၀၀၀ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် ၂၅၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဆန်ကွဲ (၂၃၄)နှင့် ဖွဲနုဈေးသာအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)