ပြည်(ပွဲရုံ)များတွင် ဒေသထွက်မန်ကျည်းသီးမှည့်များ ၂၀၂၄ခုနှစ်၊ မေလပထမအပတ်နှင့် တတိယအပတ်ယှဉ်လျှင် အနည်းငယ်ကျဆင်းလာပါသည်။ ဒေသတွင်းဈေးများမှာ လက်လီသမားများ လိုသလောက်အစွဲရှိသောကြောင့် အရောင်းအဝယ်အသင့်အတင့်ရှိသည်။ မေလပထမအပတ်က မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ ၁ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခု မေလအလယ်လောက်တွင် ၁ပိဿာလျှင်(၅၀၀၀)ကျပ်ထိ ကျဆင်းသွားသည်။ ယခင်နှစ် မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ ၁ပိဿာလျှင်(၃၂၀၀)ကျပ်ရှိပြီး ယခုနှစ်ဈေးနှုန်းကျဆင်းခြင်းသည်လည်း ယခင်နှစ်လောက်မကျဆင်း၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)