နွေစပါးများ ဈေးကောင်းရရှိ၍ စိုက်ပျိူးသူတောင်သူများ အဆင်ပြေ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်တွင် မိုးစပါးစိုက်ဧက(၂၇၈၆၂၁)ဧက စိုက်ပျိုးပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ပဲအမျိုးမျိုး၊အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ ၂၀၂၄ ခုနှစ်တွင် မြန်အောင်ခရိုင်၌ နွေစပါးစိုက်ဧက(၃၇၃၄၄)ဧက စိုက်ပျိုးပြီး၊အင်္ဂပူမြို့နယ်တွင် (၂၆၂၀၃)ဧက စိုက်ပျိုးခဲ့ပါသည်။အင်္ဂပူမြို့နယ်တွင် နွေစပါးကိုထိုင်းရက်(၉၀)၊ နှံကောက်၊ ဆင်းသုခစသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်းသိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ စတင်စိုက်ပျိုးသောနွေစပါးသည် ၂၀၂၄ ခုနှစ်၊ မေလဆန်းတွင် စတင်ထွက်ရှိပြီး နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်(မ) ကျေးရွာ၊ သာပေါင်းကွင်း၊ကွင်းအမှတ်(၃၈၂)၊ ဦးပြည့်ဖြိုးအောင်၏ လယ်(၃.၀၀)ဧကတွင် ဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှ(၁၁၅.၂၅)တင်း ထွက်ရှိကြောင်းသိရှိရပါသည်။ယခင်နှစ်ထက် (၁၀)တင်းနှုန်းခန့် ပိုမိုထွက်ရှိခဲ့ပြီးဈေးနှုန်းမှာလည်း ကွင်းဈေး ပေါင်(၅၀)တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀ ကျပ်မှ ၁၈၀၀၀၀၀ ကျပ်)ဈေးဖြင့် စပါးအမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင်နှစ်ဈေးနှုန်းထက် (၂၀၀၀၀၀ ကျပ်)ခန့် ပိုမိုရရှိကြောင်း ဒေသခံတောင်သူအသိုင်းအဝိုင်းထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)