ဂန့်ဂေါမြို့ မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဂန့်ဂေါမြို့နယ်၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်း များသည် (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ကုန်မျိုးစုံရောင်း ဝယ်ရေးဆိုင်များ၌  ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင်ပါဝင်ဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်မနေပါဝင်ဖော်ပြရမည့် အချက်အလက်များကို ပြည့်စုံစွာဖော်ပြကာ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြ ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ဖော်ပြကြရန်၊ မြန်မာ ဘာသာဖြင့် မဖြစ်မနေပါဝင်ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် စားသောက် ကုန်မျိုးစုံ ထုတ်လုပ်ရောင်းချဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိကြရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ   ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)