ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၀.၅.၂၀၂၃) နေ့နံနက် (၁၃၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အသိပညာပေး ဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေးမြန်းရာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ရည်ရွယ်ချက်အကြောင်းကိုလည်းကောင်း၊ မျှတအလေးမူတာဝန်ယူ၊ စားသုံး သူအကျိုးပြုဉာဏ်ရည်တု၊ AI အဓိပ္ပါယ်အကြောင်းကို ရှင်းလင်းပေးပါရန်တင်ပြလာ၍  မြို့နယ်ဦးစီးမှူးဦး အောင်လွင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ၂၀၂၄ ခုနှစ်၏ ဆောင်ပုဒ်၊ ရည်ရွယ်ချက် ဖြစ်သည့် မီဒီယာ ကမ်ပိန်းများမှ တဆင့် AIအကြောင်းဆွေးနွေးမှုများကို တွန်းအားပေးရန်၊ စားသုံးသူယုံကြည်မှု၊ မျှတမှု၊ တာဝန်ယူမှုရှိပြီး ဘေးကင်းစွာအသုံးပြုနိုင်ရန်အတွက် AI အန္တရာယ်ကို စုံစမ်းဖော်ထုတ်ပြီး လိုအပ်သည့် မူဝါဒများချမှတ်နို်စေရန်၊ စားသုံးသူများ၏ စွမ်းဆောင်နိုင်မှု ပွင့်လင်းမြင်သာမှုများဖြင့် စားသုံးသူများအတွက် အကျိုးပြုမည့် ဉာဏ်ရည်တု AI အနာဂတ်ကို ကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်ကြောင်း၊ ကွန်ပျူတာ၊ Smart Phone အလိုအလျောက်မောင်းနှင်နိုင်သည့်ကား၊ ဒရုန်းယာဉ်များ၊ စက်ရုပ်များ အလိုအလျောက်ကား အစိပ်အပိုင်းတပ်ဆင်သူစက်ရုပ်၊ စားသောက်ဆိုင်စားပွဲထိုး၊ သက်ကြီးရွယ်အိုစောင့်ရှောက်သူများ၊ ကလေး ထိန်းစက်ရုပ်များ၊ တံမြက်စည်းလှည်း၊ ပန်းကန်ဆေး၊ အိမ်သုံးစက်ရုပ်များ ဖြစ်ကြောင်း၊ Ai အသွင်သဏ္ဍာန် ဝန်ဆောင်မှုများအနေဖြင့်၊ Amazon ကဲ့သို့ Online မှ ဈေးဝယ်ခြင်း၊ Youtube Netflix များမှ ဈေးဝယ်ခြင်း၊ Website များတွင် Searchengineအဖြစ်သုံးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်သုံးခြင်း၊ ChatGPT၊ chatbots များဖြစ်ကြောင်း၊ AI၏ အဓိပ္ပါယ်ကိုရှင်းလင်း ရမည်ဆိုလျှင် လူလုပ်ဉာဏ်ရည်အတု၊ ဖန်တီးထား သည့်အသိဉာဏ်၊ ဉာဏ်ရည်အတု၊ လူအသိဉာဏ်ပါမှ လုပ်၍ရသည့် အလုပ်တစ်ခုကို စက်ပစ္စည်းက လူအသိဉာဏ်မပါပဲ သီးသန့်လုပ်ဆောင်နိုင်ခြင်း၊ လူသားများတွင်ဦးနှောက်ရှိပြီး စဉ်းစားတွေးခေါ်သင် ယူနိုင်သကဲ့သို့  AIသည်လည်း ကွန်ပျူတာ၏ ဦးနှောက်အဖြစ်မှတ်ယူနိုင်ခြင်း၊ လူမိတ္တူတစ်ခုသာဖြစ်ကြောင်း၊ AI အကျိုးကျေးဇူးအနေဖြင့် အဆင့်မြင့်နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ နည်း ပညာ၊ ဆန်သစ်သည့် ဝန်ဆောင်မှု၊ လူများ၏ ဘဝကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသည်။

          ဆက်လက်၍ AI စိန်းခေါ်မှုအနေဖြင့် သတင်းမှားများဖန်တီနိုင်ခြင်း၊ ဘက်လိုက်ခြင်း၊ လူ၊ သတင်း၊ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း (ဘဏ် ကိုယ်ရေး ကိုယ်တာ အချက်အလက်) အလုပ်အကိုင် များဆုံးရှုံး နိုင်ခြင်း၊ (စက်များကလုပ်ဆောင်သဖြင့်)ကိုယ်အား ကိုယ်ကိုးမှု နည်းပါးလာခြင်း) လူနေမှုပါတ် ဝန်းကျင်ကို လွမ်းမိုးလွန်းလာခြင်း၊ နည်းပညာအလွဲသုံးသားဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များလည်းရှိကြောင်း သတိပြု သင့်ကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)