ရွှေဘိုမြို့တွင် မေလစတုတ္ထပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလတတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၇၂၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ယခု ၂၀၂၄ခုနှစ်၊ မေလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာ လျှင် (၂၇၃၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၄၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၉၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၁၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၀)ကျပ်၊  ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)