ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၌ ကွမ်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေ ရရှိစေရန်အတွက်လည်းကောင်း စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ကြကြောင်း သိရှိရပါသည်။

          ကန်ကြီးထောင့်မြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည် အသွေးပေါ် မူတည်၍ ဧပြီလ(စတုတ္ထပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် (၈၀၀၀-၉၀၀၀) တို့ဖြင့် လည်းကောင်း၊ မေလ(ပထမပတ်)တွင် ငွေကျပ်(၉၀၀၀-၁၁၀၀၀)တို့ဖြင့် လည်းကောင်း၊ မေလ(ဒုတိယပတ်) တွင် ငွေကျပ် (၁၁၀၀၀-၁၃၀၀၀) တို့ဖြင့်လည်းကောင်း ရောင်းချလျက် ရှိကြောင်း ၊ နွေရာသီတွင် ကွမ်းအထွက်နှုန်း တိုးသော်လည်း ရာသီဥတု အပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာရှိ ကွမ်းစိုက် တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)