“နေကြာ(မိုးကြို) အောင်မြင်ဖြစ်ထွန်းမှုနှင့် စျေးနှုန်းအခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြ ပါသည်။၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(မိုးကြို)ကို စဉ့်ကိုင်မြို့နယ်တွင်(၁၅၂၆)ဧက၊မြစ်သား မြို့နယ်တွင်(၁၅)ဧက၊စုစုပေါင်း(၁၅၄၁)ဧကစိုက်ပျိုးပြီးစီးကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏စာရင်းများအရ သိရှိရပါသည်။ နေကြာ(မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုး ကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်းသိရှိရပါသည်။ နေကြာ(၁)ဧက ကုန်ကျ စရိတ်အနေဖြင့်(၂၈၀၀၀၀)ကျပ် ကုန်ကြကြောင်း ၊ နေကြာစျေးနှုန်းများအနေဖြင့် ယခင်နှစ် နေကြာ တစ်တင်းလျှင်(၁၉၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်ရှိပြီး ယခုနှစ်တွင် နေကြာ တစ်တင်းလျှင်(၃၄၀၀၀)ကျပ်၊နေကြာဆီ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ယခုနှစ်နေကြာ(မိုးကြို) စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် နေကြာ(မိုးကြို) အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းနေကြောင်း ၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများ သီးထပ်သီးညှပ်အပြင် သီးသန့်အနေဖြင့်ပါ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)