အိမ်မဲဒေသထွက် ငရုတ်သီးဈေးကွက်ဈေးနှုန်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ကို သရက်ပင်ကွင်း၊ သပြေကွင်း၊ တစ်တီတူး၊ ဇလပ်ထော် စသည့် ကျေးရွာများတွင် စိုက်ပျိုးကြပြီး အောက်ဆွဲငရုတ် နှင့် မိုးထောင်ငရုတ် တို့ကို အဓိကထား စိုက်ပျိုးကြပါသည်။

        ငရုတ်များကို ယခင်နှစ်များတွင် ပြည်တွင်းအပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ များအထိ တင်ပို့ကြကြောင်း၊ ယခုနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ငရုတ်စိုက်ဧက ( ၂၈၄၄ ) ဧကရှိပြီး စုစုပေါင်း အထွက်နှုန်း ( ၃,၄၁၂,၈၀၀ ) ပိဿာ ထွက်ရှိကြောင်း၊ ယခုနှစ် လက်ရှိဈေးကွက်အတွင်း အောက်ဆွဲငရုတ်သီးခြောက် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ခန့်နှင့် မိုးထောင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်ခန့် ရှိပြီး ယခင်နှစ် အောက်ဆွဲငရုတ်သီးခြောက် တစ်ပိဿာလျှင် ( ၉၅၀၀ ) ကျပ်ခန့် နှင့် မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာလျှင် ( ၁၀၀၀၀ ) ကျပ်ခန့် အရောင်းအဝယ် ဖြစ်ခဲ့‌ကြောင်း ၊ ယခင်နှစ် နှင့် ယခုနှစ် နှိုင်းယှဉ်လျှင် အောက်ဆွဲငရုတ်သီးခြောက် နှင့် မိုးထောင်ငရုတ်သီးခြောက် တို့မှာ တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်ခန့်စီ ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ပြည်ပဝယ်လိုအား ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်နှစ်ထက် အရောင်းအဝယ် အေးလျက်ရှိကြောင်း ငရုတ်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)