ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၂.၂.၂၀၂၂ ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ဗိုလ်ချုပ်ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အသိပညာပေးဟောပြောပွဲသို့ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၈)ဦး တက်ရောက် ခဲ့ပြီး၊ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ ကုန်အစည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည့်အချက် များမေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)