ဘီးလင်းဒေသထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိပြီးရောင်းအားကောင်းလျက်ရှိ

Powered by Drupal

    ဘီးလင်းမြို့နယ်တွင် ဒေသထွက်ဒူးရင်းသီးများ ယခုမေလအတွင်း လှိုင်လှိုင်ထွက်လျက်ရှိရာ မိုးတဖြိုက်လေတဖြိုက်ကာလဖြစ်သည်နှင့်အညီ ဒူးရင်းသီး စားသုံးသူများပိုမိုများပြားလာကြောင်း သိရှိရပါသည်။

      ဒူးရင်းသီးထွက်ရှိရာ ဘီးလင်းမြို့နယ်ရှိ အလူးလေး၊ အလူးကြီး၊ ပိုင်ဒဝယ်၊ မဲလံ၊ နတ်ကြီး၊ ပဲမြိုင် ကျေးရွာများမှ ဒူးရင်းသီးခြံပိုင်ရှင်များက ဘီးလင်းမြို့ပေါ်သို့လာရောက်ရောင်းချပြီး ဒေသထွက်ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားအလိုက် တစ်လုံးလျှင် (၁၀၀၀၀-၅၀၀၀) ကျပ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဒူးရင်းသီးရာသီတွင် ဒူးရင်းသီးအထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိသဖြင့် ဒူးရင်းခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)