နတ်တလင်းမြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ကြက်ဥဈေးနှုန်းဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မညဈေးတွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ငုံးဥ ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ မေလတတိယပတ်တွင် ကြက်ဥ အရွယ်အစားလိုက်၍ ကြက်ဥ (လက်လီ) ဈေးနှုန်းများမှာ ကြက်ဥ (အကြီး)တစ်လုံး (၃၂၀)ကျပ်၊ ကြက်ဥ (အလတ်) တစ်လုံးလျှင်(၃၀၀)ကျပ်၊ ကြက်ဥ (အသေး) တစ်လုံးလျှင် (၂၈၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၄၀၀) ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၄၅၀) ကျပ်၊ ငုံးဥ ဆယ်လုံးလျှင် (၇၅၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မေလဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ် မြင့်တက်ခဲ့လျက်ရှိပါသည်။ ယခုမေလတတိယပတ်တွင် ကြက်ဥဈေးနှုန်း မြင့်တက်ရခြင်းမှာ ကြက်စာများဈေးမြင့်လာခြင်းနှင့် ရာသီဥတုပူပြင်းသောကြောင့် ကြက်များဥနှုန်း ကျဆင်းသွားခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)