နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြူတောကန်အုပ်စု ၊ နတ်ပုတီးကျေးရွာတွင် ထုတ်လုပ်နေသော သပြေဖိနပ်လုပ်ငန်းပိုင်ရှင်ဦးတင်ထွန်းနှင့် တွေ့ဆုံ၍ မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ကုန်ကြမ်းရရှိမှုအခြေအနေ၊ လုပ်သားအင်အားနှင့် ထုတ်လုပ်နိုင်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးမေးမြန်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်မှ (နွေ၊ မိုး၊ ဆောင်း) ရာသီအလိုက် အသုံးပြုနိုင်သည့် ကျား/ မ၊ ကလေးစီးဖိနပ် size မျိုးစုံကို ထုတ်လုပ်နေပါကြောင်း၊ သပြေအမှတ်တံဆိပ် အရည်အသွေးမီဖိနပ်များကို ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်နေပါကြောင်းနှင့် ခေတ်မီဆန်းသစ်သည့်ဖိနပ်များကိုလည်း ဆက်လက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)