နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ တောင်သူများက သခွားသီးကို (နွေ၊ မိုး၊ ဆောင်း) ရာသီ (၃)မျိုးစလုံး၌ စီးပွားဖြစ် စိုက်ပျိုးကြပြီး နွေသခွားကို မတ်လတွင် ရေလောင်း/ ရေတင်၍ စိုက်ပျိုးကြပြီး စပ်မျိုးများကိုလည်း စိုက်ပျိုးကြကြောင်း သိရပါသည်။
သဲကုန်းမြို့နယ်တွင် နွေသခွားများ ဧပြီတတိယပတ်မှ စတင်၍ ထွက်ရှိလာပြီး အရွယ်အစား ပေါ်မူတည်၍ ပေါ်ဦးစ သခွားသီးတစ်လုံးလျှင် ဖောက်သည်ဈေး (၂၀၀-၃၀၀)ကျပ် ရောင်းချခဲ့ရသဖြင့် ဈေးကောင်းရရှိခဲ့ကြောင်း ယခုမေလတတိယပတ်တွင် အသီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင် သခွားသီးတစ်လုံး ဖောက်သည်ဈေး (၁၀၀-၁၅၀)ကျပ်သာ ရရှိကြောင်းနှင့် သခွားသီးများကို မြို့နယ် တွင်းနှင့် ကုန်စိမ်းဒိုင်များမှတဆင့် ပြည်မြို့၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သခွားစိုက်တောင်သူတစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)