နွေ ရုံးပတီ ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်(၂၀..၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ် ဗိုလ်ကုန်းကျေးရွာသို့ သွားရောက် ၍ ရုံးပတီသီးစိုက်ပျိုးသူတောင်သူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ထိုသို့ မေးမြန်းရာတွင် ရုံးပတီစိုက်တောင်သူမှ ရုံးပတီ တစ်ဧက စိုက်ပျိုးမည်ဆိုပါက (မျိုး၊ သွင်းအားစု၊ အလုပ်သမားခ၊ ရေတင်ခ) အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၅၀၀၀၀) ကျပ်ခန့် ကုန်ကျပါကြောင်း  စိုက်ပျိုးပြီး  (၄၅-၅၀) ရက်ခန့်ကြာပါက အသီးများကို စတင်ခူးဆွတ်ရောင်းချနိုင်ပြီး ပေါ်ဦးပေါ်ဖျား ရုံးပတီသီးတစ်တောင့်ကို (၁၀-)ကျပ်နှုန်းဖြင့် ရောင်းချရပါကြောင်း ရုံးပတီပင်တစ်ပင်လျှင် အတောင့် (၂၀)ခန့် ထွက်ရှိပါကြောင်း၊ အကျိုးအမြတ်အားဖြင့် ဈေးနှုန်း အတက်အကျအပေါ် မူတည်ပါကြောင်းနှင့် ထွက်ရှိလာသော ရုံးပတီသီးများကို ဝက်ပုတ်ကုန်စိမ်းဒိုင် သို့ ရောင်းချပါကြောင်း၊ ယခုနှစ် နွေရာသီတွင် အပူချိန်မြင့်၍ အသီးအထွက်နှုန်း နည်းသော်လည်း  ဈေးကောင်းရ၍ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)