၂၀၂၄ ခုနှစ်၊ မေလ၂၅ ရက်နေ့၊ ညနေ (၁၄း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိကောင်းဆက်ဟိန်းယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ယာဉ်မောင်း ဦးချစ်ကို၊ ယာဉ်အမှတ် 4B /9723၊ Nissan DieseI မော်တော်ယာဉ်ဖြင့်တင်ဆောင်လာသော စားအုန်းဆီ (၁) ပေပါလျှင် ပိသာ ၁၁၀ ပါသည့်စားအုန်းဆီ ၇၀ ပေပါရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီ ၇၀ပေပါအား ထားဝယ်မြို့တွင်း၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)