စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ငွေကျပ်၄၀၀၀၀၀၀၊ ဧရာမင်းစပါး တင်း(၁၀၀)လျှင် ငွေကျပ်၂၆၅၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်း၂၄ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ်၁၃၇၀၀၀၊ ဧရာမင်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် စပါး၊ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ အိတ်ရေ ၂၀၀၀၊ စုစုပေါင်း ၂၀၀၀အိတ်၊ တန်အားဖြင့် ၁၀၀တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)