ဒေသထွက်ကုန်သီးနှံတစ်မျိုးဖြစ်သည့် ရေငန်းသီး (ခေါ်) ရေငံသီးဈေးကွက်အခြေအနေ

Powered by Drupal

       မိုးအစပျိုးချိန်၌ ပေါင်မြို့နယ်ရှိ ဥယျာဉ်ခြံများတွင် ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် ရေငန်းသီး (ခေါ်) ရေငံသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရသည်။

       ရေငန်းသီးများကို ပေါင်မြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်ကားလမ်းမကြီးဘေး ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ဥတ္တကားကျေးရွာများရှိ သီးနှံ(ဈေးဆိုင်တန်း) များ၌ ဈေးကွက်တစ်ခုအနေဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

        ယခုလက်ရှိ မေလအတွင်း ရေငန်းသီးအလုံးရေ (၂၀-၂၅)လုံးပါဝင်သည့် အတွဲတစ်တွဲလျှင် ငွေကျပ် (၃၀၀၀-၅၀၀၀) ထိဈေးနှုန်းရရှိပြီး အဆိုပါရေငန်းသီးများမှာ ခရီးသွားအများစု ဝယ်ယူ အားပေးသည့် ဒေသထွက်ကုန်သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)