![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/Screenshot 2024-05-29 122717.png?itok=brJaKB8R)
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(တတိယပတ်)တွင် ကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၈၀၀-၉၀၇၀)၊ နှမ်းနီ ကျပ်(၈၀၀၀)၊ နှမ်းနက် (စမုံ) ကျပ်(၉၀၀၀-၉၁၃၀)၊ ပဲလွန်ဝါ(ကြီး) ကျပ်(၂၈၉၀-၃၀၅၀)၊ ကုလားပဲ ကျပ်(၄၁၅၀-၄၂၀၀)၊ ပဲကြီး(ဖြူ) ကျပ် (၄၂၁၀)၊ ပဲထောပတ် ကျပ်(၅၉၀၀)၊ မတ်ပဲ ကျပ်(၄၉၀၀-၄၉၅၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၉၀၀)၊ စားတော်ပဲ ကျပ် (၄၇၅၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကုလားပဲ ကျပ်(၂၀-၁၀၀)၊ ပဲစဉ်းငုံ(နီ) ကျပ်(၃၅၀-၄၀၀) ဈေးမြင့်ခဲ့ပြီး ပဲထောပတ် ကျပ်(၄၂၀) ဈေးကျခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၇၂၀)ခန့်အရောင်းအဝယ် ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲ အိတ်(၃၀၀၀)၊ ပဲကြီး အိတ်(၁၂၀၀)၊ မတ်ပဲ အိတ်(၆၀၀)၊ မန္တလေးမြို့သို့ နှမ်းအိတ်(၁၀၀၀)၊ စုစုပေါင်း အိတ်(၅၈၀၀)တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။
တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲစဉ်းငုံ(နီ) ကျပ်(၆၈၅၀-၆၉၅၀)၊ ကုလားပဲ (ဝါသေး)ကျပ်(၃၉၅၀)၊ ကုလားပဲဟောလန် ကျပ်(၄၀၇၅)၊ မြေပဲလုံးဆံနီ ကျပ်(၆၂၀၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၇၀၀၀)ဖြစ်ပြီး ယခင် အပတ်ထက် ယခုအပတ်တွင် ပဲစဉ်းငုံ(နီ) ကျပ်(၃၂၀-၃၅၀)၊ ကုလားပဲ(ဝါသေး) ကျပ်(၅၀)၊ ကုလားပဲ ဟော်လန် ကျပ်(၂၅-၅၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၁၀၀၀)ဈေးမြင့်တက်ခဲ့ပြီး မြေပဲလုံးဆံနီ ကျပ်(၃၀၀)ဈေးကျ ခဲ့ပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးနှုန်းမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံနီ မှာ ကျပ်(၆၈၄၀-၆၉၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၄၃၅၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၁၀၀-၄၁၇၅)၊ ပဲကြီး(သစ်) ကျပ်(၄၄၀၀)၊ မြေပဲဆီဆံ(ဖြူ) ကျပ်(၆၉၀၀-၆၉၅၀)၊ မတ်ပဲ ကျပ်(၅၀၇၅)ဖြစ်ပြီး ယခင်အပတ် ထက် ယခုအပတ်တွင် ပဲစဉ်းငုံ(နီ)ကျပ်(၂၉၀-၃၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၂၅-၅၀)၊ ကုလားပဲ (မြကြေး) ကျပ်(၅၀-၁၀၀)၊ မတ်ပဲ ကျပ်(၁၅၀)၊ မြေပဲလုံးဆံ(ဖြူ) ကျပ်(၁၅၀-၂၀၀)အသီးသီးဈေးမြင့်ခဲ့ပါသည်။ တစ်ပတ် အတွင်း တန်ချိန်(၁၃၉.၄၅)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၈၀၀-၂၂၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်းဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်) ကျပ်(၁၄၀၀-၂၀၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၄၈.၉၈)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929) ကျပ်(၄၁၆၀-၄၁၈၅)၊ (CP)ပြောင်း ကျပ်(၁၀၈၀)၊ ပဲဇီးကွက် ကျပ်(၂၅၁၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၂၅)၊ (CP)ပြောင်း ကျပ်(၁၀၀)၊ ပဲဇီးကွက် ကျပ်(၁၁၀)ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၁၇၄.၂၉)ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)