၂၀၂၄ခုနှစ်မေလတတိယပတ်၏သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာလက်ကျန်နည်းပါးပြီး အဆွဲနည်း၍စီးဆင်းမှုနည်းပါးကာအမြင့်ဈေး ၉၀၀ကျပ် ဖြင့်ဈေး‌အေးနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁-၈၀၀၀ကျပ်၊ ထူး၂-၈၅၀၀ကျပ်၊ ထူး၃-၉၅၀၀ကျပ်၊ ထူး၄-၁၀၈၀၀ ကျပ်၊ ထူး၅-၁၁၀၀၀ကျပ်၊ ထူးလွန်-၁၁၅၀၀ကျပ်နှင့်ဥတစ်လုံးမှာ ၂၅၀၀၀ကျပ်အထိဈေးမြင့်တက် နေပြီးဈေးကောင်းရရှိသဖြင့် တောင်သူအရောင်းသွက်ကာစီးဆင်းမှုမှာ ကောင်းနေပါသည်။

      အာလူးသီးနှံမှာ မျက်နီ S2-၂၃၀၀ကျပ်၊ S1-၂၂၀၀ကျပ်၊ OK-၂၀၀၀ကျပ်၊ ဆွဲသီး-၁၈၀၀ကျပ်၊ ဂေါ်လီဆိုဒ်မှာ၁၂၀၀ကျပ်ရှိပြီး မားကီးနှင့်နယ်သာလန်မျိုးတို့တွင် S2-၂၅၀၀ကျပ်နှင့် S1-၂၄၀၀ကျပ် ဈေးပေါက်နေပြီးဈေးတည်ငြိမ်လျက်စီးဆင်းမှုမှာ ယခင်အပတ်အတိုင်းပုံမှန်ဖြစ်နေပါသည်။

      ချင်းသီးနှံမှာအခက်ကြီးအသန့် တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ အလတ်စမှာ ၇၅၀၀ကျပ် ဈေး ပေါက်နေပြီး အဝယ်တော်များကျေးရွာများအထိ ဈေးကောင်းပေးပြီး လိုက်ဝယ်နေသောသီးနှံဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

       ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၃၀၀-၁၅၀၀ကျပ်၊ ပန်းမုံလာ ၁၅၀၀-၁၆၀၀ကျပ်၊ ခရမ်းချဉ် ဂွတ်ရှယ်သီး ၂၅၀၀ကျပ်၊ အသေးဆုံးသီး ၂၀၀၀ကျပ်၊ ဘိုစားပဲ ၃၂၀၀ကျပ်၊ ဥနီ ၁၈၀၀-၂၀၀၀ကျပ်၊ ဖရုံသီး ၉၀၀ကျပ်၊ ရွှေပဲ ၁၀၀၀၀-၁၃၀၀၀ကျပ်၊ ငြုပ်ပွ ၃၀၀၀-၃၅၀၀ကျပ်၊ ခရမ်းသီး ၂၅၀၀ကျပ်၊ မုန်ညှင်း ၂၈၀၀-၃၀၀၀ကျပ် ဈေးပေါက်နေကြပြီး ကုန်စိမ်းသီးနှံများမှာဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

       ကုန်စိမ်းသီးနှံများမှာ နောက်လများတွင်မိုးရေကောင်းကောင်းရရှိနိုင်သဖြင့် သီးနှံအထွက်မြင့်တက်လာပြီး ဈေးကွက်သို့အဝင်သွက်ကာ စီးဆင်းမှုမှာလည်း ပို၍အားကောင်းလာနိုင်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)