မေလအတွင်းကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          ပုသိမ်ဈေးကွက် အတွင်းစာဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ  မေလ ပထမအပတ်တွင် ကြက်သွန်နီ အသစ်အကြီး တစ်ပိဿာ ၂၀၀၀ကျပ်၊ လက်ကားဈေး ၁၈၀၀ကျပ် ရှိပြီ ကြက်သွန်နီ အသစ်အသေး တစ်ပိဿာ ၁၇၀၀ကျပ်၊ လက်ကားဈေး ၁၆၀၀ကျပ်၊ မြစ်သား  ကြက်သွန်နီ တစ်ပိသာ ၂၆၀၀ ကျပ်၊ လက်ကားဈေး ၂၅၀၀ကျပ်ရှိပါသည်။

          မေလ ဒုတိယအပတ်တွင် ကြက်သွန်နီ ဈေးကွက်အခြေအနေမှာ အသစ်အကြီး တပိဿာ ၂၂၀၀ ကျပ်၊ လက်ကားဈေး ၂၀၀၀ကျပ်၊ ကြက်သွန်နီ အသစ်အသေး တပိဿာ ၂၀၀၀ကျပ်၊ လက်ကားဈေး ၁၉၀၀ကျပ်၊ မြစ်သား ကြက်သွန်နီ တပိဿာ ၂၈၀၀ကျပ်၊ လက်ကားဈေး ၂၇၀၀ကျပ် ရှိကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်တစ်ဦးထံမှ သတင်းရရှိပါသည်။ ယခင်နှစ်များထက် ကြက်သွန်နီ ဈေးနှုန်းမြင့်တက်ရခြင်း အကြောင်းမှာ စိုက်ပျိူးထွက်ရှိရာဒေသ များမှသယ်ယူ စရိတ်များ မြင့်မား လာခြင်းကြောင့် ဖြစ်သည်ဟုသုံးသပ်ရရှိပါသည်။

          မေလ တတိယအပတ်တွင် ကြက်သွန်နီ ဈေးကွက်အခြေအနေမှာ အသစ်အကြီး တပိဿာ ၂၄၀၀ ကျပ်၊ လက်ကားဈေး ၂၆၀၀ကျပ်၊ ကြက်သွန်နီ အသစ်အသေး တပိဿာ ၂၀၀၀ကျပ်၊ လက်ကားဈေး ၁၉၀၀ကျပ်၊ မြစ်သား ကြက်သွန်နီ တပိဿာ ၃၀၀၀ကျပ်၊ လက်ကားဈေး ၂၉၀၀ကျပ် ရှိကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်တစ်ဦးထံမှ သတင်းရရှိပါသည်။ ယခင်အပတ်များထက် ကြက်သွန်နီ ဈေးနှုန်းတက် ရခြင်းအကြောင်းအရင်းမှာ စိုက်ပျိူးထွက်ရှိရာဒေသ များမှသယ်ယူ စရိတ်များ မြင့်မားလာကြောင်းဖြစ်သည်ဟု သုံးသပ်ရရှိပါသည်။

DOCA(ဧရာဝတီ)