တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-ခုနှစ်၊ မိုးဘဏ်စိုက်ပျိုးစရိတ် ထုတ်ချေးပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့်တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ အုပ်စုအလိုက် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရပါသည်။

      မိုးစိုက်ပျိုးစရိတ်ချေးငွေကို (၂၀.၅.၂၀၂၄)ရက်နေ့မှစတင်၍ ထုတ်ချေးသွားမည်ဖြစ်ပြီး ယာတစ် ဧကလျှင် ကျပ်(၁၀၀၀၀၀)နှင့် လယ်တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း (၁၇.၅.၂၀၂၄)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်ချေးငွေအကြံပေးအဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးတွင် သိရှိရပါသည်။

      သို့ဖြစ်ပါ၍ တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၄-ခုနှစ် မိုးသီး နှံစိုက်ပျိုးစရိတ်ချေးငွေကို (၇၂)အုပ်စုမှ တောင်သူများကို မြေစာရင်းနှင့် စိုက်ပျိုးရေးတို့မှ ဧကအမှန် ရယူပြီး တစ်နှစ်လုံး လျာထားသိန်း(၈၅၀၀)လျာထားပြီး (၂၀.၅.၂၀၂၄)ရက်နေ့မှစပြီး သိန်း(၂၅၀၀) ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအေးကိုထံမှ သိရှိရပါသည်။

DOCA(မကွေး)