ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့သတ်မှတ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံသည် ဆက်စပ်ဌာနများဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စျေးကော်မတီဝင်များပူးပေါင်းပြီး (၂၀.၅.၂၀၂၄)ရက်နေ့တွင် ကန်သာစျေး၌လည်းကောင်း၊ (၂၇.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် မင်္ဂလာစျေး၌လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထို့အပြင် စျေးကွက်အတွင်းရှိ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မဖော်ပြထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသော ကုန်စည်များရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအားလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)