၂၇.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာ၀န်ခံသည် ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူ တိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ပုံအဆင့်အဆင့်နှင့် ပတ်သက်၍ (Talk Show)” ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာ၀န်ခံ ဒေါ်အိဖြိုးမှ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက လူကိုယ်တိုင် သို့မဟုတ် လူထုဆက်သွယ်ရေး နည်းလမ်းဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ရှိ Complaint System တွင်လည်းကောင်း၊ DOCA Mobile Application တွင်လည်းကောင်း၊ Consumer Call Center -1535 သို့ ဖုန်းခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် တိုင်ကြားလာမှုနှင့်ပတ်သက်၍ အဆိုပါတိုင်ကြားမှုမှာ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)