![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_37.jpg?itok=RCHCq4Ls)
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၂၆/၅ ၏ အရှေ့ဘက်တွင်ရှိသော စိန်တလုံးသရက်ခြံမှ သရက်သီးများ ပေါ်နေပြီဖြစ်ပါသည်။ ၎င်းခြံမှ သရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာတွင် ဝယ်ယူပါသည်။
အပင် ၅ နှစ်သက်တမ်းတွင် အသီးစသီးပြီး သီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ ၃၀ အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ ၁၀၀ အထိသီးပါသည်။ ယခုနှစ်သရက်သီး ရာသီချိန်တွင် ရာသီဥတုဖောက်ပြန်မှု (နှင်းခါးရိုက်မှု)ကြောင့် ယခင်နှစ်ကထက် အသီးထွက်နှုန်း ကျဆင်းပါသည်။ ၎င်းခြံမှ ထွက်ရှိသော စိန်တလုံးသရက်သီးများကို ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးသို့ အဓိက တင်ပို့ရောင်းချပြီး အချို့ကို ဒေသတွင်း တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့များသို့ ရောင်းချ ပါသည်။
၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် စိန်တလုံးသရက်သီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် ၆၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၈၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၂၀၀ ကျပ်ရောင်းရကြောင်း၊ စိန်တလုံးသရက်သီးသည် ဒေသသရက်သီးများထက် အရသာကောင်းမွန် သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သရက်ခြံ ပိုင်ရှင် ဦးထွန်းနောင်၏ ပြောပြချက်အရ သိရပါသည်။
DOCA(ပဲခူး)