အုတ်ဖိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ အုတ်ဖိုမြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက် ၊ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦး တို့သည်မိုးညိုတန်းရပ်ကွက်နေ ပြည်သူ(၁၀) ဦးအား ၂၁.၂.၂၀၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်မှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်ဌာန ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သန်းဦးမှ စားသုံးသူ ကာကွယ်ရေးဉပဒေပါ စားသုံးသူပြည်သူများ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူပြည်သူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)