ဈေးနှုန်းများ ၅၀% တက်လာသော်လည်း ဗီယက်နမ်လိုင်ချီးတောင်သူများအရှုံးပေါ်နေ

Powered by Drupal

      ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Boc Giang ခရိုင်ရှိ လိုင်ချီးသီးများ အထွက်နှုန်းကျဆင်းမှုကြောင့် အသီးဈေးနှုန်းများ ၅၀ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ လိုင်ချီးလယ်သမားများအတွက် ငွေကြေးဆုံးရှုံးမှုများစွာဖြစ်လာစေခဲ့ပါသည်။

          လွန်ခဲ့သောနှစ်က Oanh မိသားစုလိုင်ချီးပင် ၄၀ပင်သည် အသီးအနှံများပြည့်နေသဖြင့် VND (Vietnamese dong) ၁၅၀သန်း (အမေရိကန်ဒေါ်လာ၅၉၀၀) ရရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် အသီးအနှံအထွက်နှုန်းနည်းပါးလာကာ ဝင်ငွေမှာ VND ၁၀၀သန်းသို့လျော့နည်းသွားခဲ့သည်။

       မိုးများရွာသွန်းပြီးနောက် လိုင်ချီးပင်များပျက်စီးသွားကြောင်း Bac Giang မှ လိုင်ချီးစိုက်ပျိုး သော ‌တောင်သူတစ်ဦးကပြောကြားခဲ့သည်။ ထုတ်လုပ်မှုသည်လည်း ၉၀ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း ဆက်လက်၍ ပြောကြားခဲ့သည်။

          Thanh Son ရပ်ကွက်မှ လိုင်ချီးစိုက်ပျိုးသူတစ်ဦးကလည်း သူ၏မိသားစုပိုင်လိုင်ချီး ၅ဟတ်တာမှာ ယခင်နှစ်ထက် အထွက်နှုန်း ၅၀ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်းပြော သည်။ ဈေးနှုန်းများသည် ပုံမှန်ထက် ၁.၅ဆမြင့်တက်လာခဲ့သော်လည်း ဝင်ငွေသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၈၀ရာခိုင်နှုန်းခန့်သာပိုမည်ဖြစ်သည်။

          Hung Yen, Hai Duong နှင့် Central Highland ကဲ့သို့သော အခြားဒေသများတွင် လိုင်ချီးသီးဥယျာဉ်များသည် ကောင်းစွာဖြစ်ထွန်းပြီး ယမန်နှစ်အလားတူကာလ၏ ၅၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိ ထုတ်လုပ်မှုကျဆင်းခဲ့သည်။

          Hung Yen ဒေသရှိ Minh Tien စိူက်ပျိုးရေးသမဝါယမဒါရိုက်တာ Dang Thi Thu Huang က သမဝါယမမှ လိုင်ချီးသီး ၄၀၀ဟတ်တာသည် ယခုနှစ်တွင် ထက်ဝက်ခန့် ထုတ်လုပ်မှုကျဆင်းသွားကြောင်းပြောကြားခဲ့သည်။ ယမန်နှစ်က လိုင်ချီးသီး ဗီယက်နမ်ငွေ ၁၅၀၀၀ဖြင့်ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ဗီယက်နမ်ငွေ ၂၅၀၀၀ဖြစ်သွားနိုင်ကြောင်းသိရသည်။

          “ဈေးနှုန်းများမြင့်တက်နေသော်လည်း ထုတ်လုပ်မှုများကျဆင်းနေသောကြောင့် သမဝါယမ၏ ယခုနှစ်ခန့်မှန်းဝင်ငွေသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက (၂၀/၃၀) ရာခိုင်နှုန်းကျဆင်းသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ Huang က ပြောကြားခဲ့သည်။

          Bac Criang စိုက်ပျိုးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Le Ba Thanh က ယမန်နှစ်တွင် ပေါများသောရိတ်သိမ်းမှုများကြောင့် ယခုနှစ်တွင် အလားတူအထွက်နှုန်း ရရှိနိုင်ရန် အာမခံကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာနအကြီးအကဲ Nguyen Nhu Cuang က ဈေးနှုန်းများမြင့်တက်လာခြင်းသည် လိုင်ချီးလယ်သမားများကို အမြတ်အစွန်းများစွာရရှိစေနိုင်ကြောင်းပြောကြားခဲ့သည်။

        ပို့ကုန်လုပ်ငန်းရှင်များကလည်း လိုင်ချီးအထွက်နှုန်းနည်းခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ၎င်းတို့၏အစီအစဉ်များကို ပြုပြင်ပြောင်းလဲလျက်ရှိကြောင်းသိရသည်။

        ရောင်းလိုအားနည်းပါးခြင်းနှင့် ဝယ်လိုအားမြင့်မားခြင်းသည် ဗီယက်နမ်နိုင်ငံမှ လိုင်ချီးများကို ပြည်ပသို့တင်ပို့ရန် အခက်အခဲဖြစ်စေပြီး တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံကဲ့သို့သော လိုင်ချီးတင်ပို့သည့်နိုင်ငံများနှင့် ပြိုင်ဆိုင်မှုကိုလည်းပြင်းထန်လာစေပါသည်။

Source: e.venxpress.net

DOCA(ရန်ကုန်)