ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ပိဿာလျှင် ၄၂၅၀/-ကျပ်မှ ၄၄၂၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ပိဿာလျှင် ၄၄၁၅/-ကျပ်မှ ၄၅၈၅/-ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ပိဿာလျှင် ၄၆၆၅/-ကျပ်မှ ၅၃၃၅/-ကျပ်ထိ လည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ပိဿာလျှင် ၃၀၀၀/-ကျပ်မှ ၃၃၃၅/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) ၁ပိဿာလျှင် ၃၈၈၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ပဲခူးရွှေဝါ ၁ပိဿာလျှင် ၃၇၁၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ ၁ပိဿာလျှင် ၃၀၈၀/-ကျပ်မှ ၃၉၂၀/-ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ပိဿာလျှင် ၃၂၅၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) ၁ပိဿာလျှင် ၃၃၃၀/-ကျပ်မှ ၃၅၀၀/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁ပိဿာလျှင် ၂၈၃၀/-ကျပ်မှ ၃၃၃၅/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ (ပဲခူး) ၁ပိဿာလျှင် ၃၅၈၀/-ကျပ်မှ ၃၇၅၀/-ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ပိဿာလျှင် ၃၅၀၀/-ကျပ်မှ ၃၅၈၅/-ကျပ်ထိလည်းကောင်း၊ မတ်ပဲ RAW ၁ပိဿာလျှင် ၅၄၁၅/-ကျပ်မှ ၅၄၅၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၅၅၀/-ကျပ်မှ ၅၉၀၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၁ပိဿာလျှင် ၄၆၉၅/-ကျပ်မှ ၄၈၇၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ပိဿာလျှင် ၅၄၈၅/-ကျပ်မှ ၅၆၆၅/-ကျပ်ထိလည်းကောင်း၊ ထောပတ်ပဲ(သစ်) ၁ပိဿာလျှင် ၆၀၈၅/-ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့်ရောင်းချခဲ့ပြီး တချို့ပဲဈေးနှုန်းများမှာ ဈေးအနည်းငယ်စီဈေးတက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)