မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

    ၂၉.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

    အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် အလွှာအသီးသီးက လူတန်းစားပြည်သူများနှင့်တိုက်ရိုက်ဆက်နွယ်နေသည့်အတွက် စားသုံးသူပြည်သူများ မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် သွယ်ဝိုက်ဆက်စပ်နေသည့်လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများကို ရပ်ကွက်၊ ကျေးရွာများအထိ ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိအောင် ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးကြကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)