ကရင်ပြည်နယ်အတွင်း ရာဘာအစေးခြစ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၂၄ခုနစ်၊ မေလအတွင်း ဖြစ်ပေါ်လျက်ရှိသော RSS3 ရာဘာ ၁ပေါင်ဈေးနှုန်းမှာ ၂၀၀၀ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ကာလတူဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ယမန်နှစ်က RSS3 တစ်ပေါင်လျင် ၁၃၃၀ကျပ်ဖြစ်ပြီး ကျပ် ၆၇၀ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။
ကရင်ပြည်နယ်တွင် ရာဘာစိုက်ပျိုးသည့်ဧကမှာ ၂၇၁၂၇၁ဧကဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရာဘာဝယ်လိုအားကောင်းလာခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ကရင်)