Main menu

မေလအတွင်း ကရင်ပြည်နယ် ရာဘာဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   ကရင်ပြည်နယ်အတွင်း ရာဘာအ‌စေးခြစ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၂၄ခုနစ်၊ မေလအတွင်း ဖြစ်ပေါ်လျက်ရှိသော RSS3 ရာဘာ ၁ပေါင်ဈေးနှုန်းမှာ ၂၀၀၀ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။  ကာလတူဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ယမန်နှစ်က RSS3 တစ်ပေါင်လျင် ၁၃၃၀ကျပ်ဖြစ်ပြီး ကျပ် ၆၇၀ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

  ကရင်ပြည်နယ်တွင် ရာဘာစိုက်ပျိုးသည့်ဧကမှာ ၂၇၁၂၇၁ဧကဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရာဘာဝယ်လိုအားကောင်းလာခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)