Main menu

မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူ အကျိုးအမြတ်ရရှိမှုအခြေအနေ

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ် သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ အနည်းငယ်သာစိုက်ပျိုးမှု ရှိပါသည်။ ၂၀၂၆ ခုနှစ်တွင် မိုးမြေပဲကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၆၄၀၀၀)ဧကဖြစ်ပြီး၊  စိုက်ပျိုးမှု မှာ(၅၂၈၂၄)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၂၀၅၃၀)ဧက အထွက်နှုန်းမှာ(၅၂.၃၄)တင်း နှုန်းဖြင့် အထွက်တင်းစုစုပေါင်း (၁၀၇၄၅၄၀)တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထား မှု(၃၁၉)ဧကရှိပါသည်။ ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။

          ၂၀၂၅-၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၆၅၀၀)ကျပ်၊ မြေပဲလုံဆံ တစ်တင်းလျှင်(၁၀၉၅၀၀)ကျပ်နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၆-၂၀၂၇ ခုနှစ်ကာလတူ လတွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၆၉၅၀၀) ကျပ်၊ မြေပဲလုံးတစ်တင်းလျှင်(၁၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။

                 ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၁၀၆၉၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီးတစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅၂.၃၄)တင်းနှုန်းထွက်ရှိခဲ့သည်။ယခုမြေပဲတောင့်တစ်တင်းလျှင်(၄၉၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ(၂၅၆၄၆၆၀)ကျပ် နှုန်း ရရှိ၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၁၄၉၅၆၆၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှု နည်းပါး လာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်း များပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသ တွင်း လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိ စေသည့်အတွက် အကျိုးကျေးဇူးများစွာရရှိစေသော ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCa(မန္တလေး)