![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4.1_4.jpg?itok=TUV4RWKw)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၃)ရက်နေ့၊ နေ့လယ် (၁း၃၀)အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆက်သွယ်၍ Community Centreခန်းမ၌ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်းကို အများပြည်သူများသိရှိစေရန် Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနအကြောင်း မိတ်ဆက်ပေးခဲ့ပြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း ပြောကြားခဲ့ပါသည်။ ထိုနောက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားအကြောင်း ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်တစ်မျိုးခြင်းအလိုက် မဖြစ်မနေဖော် ပြပါရှိရမည့်အချက်အလက်များအကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၇၃ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသလို စီးပွား ရေးလုပ်ငန်းရှင်အတွက် အကျိုးရှိမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားမဖြစ်မနေဖော်ပြပေးနိုင်ပါရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)