![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5.2_2.jpg?itok=k4Vs30mH)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မုံရွာခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၇.၅.၂၀၂၄)ရက်နေ့တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဆာကူရာ” သစ်သီးယိုမျိုးစုံ လုပ်ငန်းရှင်အား လည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၀.၅.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ကွက်ရှိ “သိဒ္ဓိ”ဆီစက် လုပ်ငန်းရှင်အားလည်းကောင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)