မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

Powered by Drupal

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း ချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

    စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေး လျက်ရှိသောစားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

မုံရွာခရိုင်အတွင်း (၂.၅.၂၀၂၄) ရက်နေ့မှ (၁၂.၅.၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၆၁၇၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် လည်းကောင်း၊ (၁၃.၅.၂၀၂၄) ရက်နေ့မှ (၃၁.၅.၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၃၂၃၄၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၈၀၀ ကျပ်ဖြင့် လည်းကောင်း  စုစုပေါင်း ပိဿာချိန် (၄၈၅၁၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်များ၊ ဈေးများအပြင်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန် ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)