မြိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေး

Powered by Drupal

          မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ(၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့် လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

            ပူးပေါင်းအဖွဲ့တို့သည် သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် လုပ်ငန်းတာဝန်များပြောကြားခြင်း၊ ‌သောက်ရေသန့်စက်ရုံ အတွင်း၊ အပြင်ရှိ သန့်ရှင်းသန့်ရပ်စွာထားရှိရေး၊ လက်အိပ်၊ ခြေစွတ်၊ သန့်ရှင်းသောအင်္ကျီ အကာများဝတ်ဆင်၍ အလုပ်လုပ်ရန်၊ မက်စ်တတ်၍ အလုပ်လုပ်ရန် ၊ သောက်ရေသန့်ဗူးများ အား  စနစ်တကျထားသိုသိမ်းဆည်းရန်၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက် ရေသန့်ပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်းဖော်ပြရန်တို့ကို ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)