ကယားပြည်နယ်၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

Powered by Drupal

         ကယားပြည်နယ်တွင်နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု ကြောင့် ပြည်နယ်တွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာပြီး တရားမဝင်ကုန်ပစ္စည်းများအခွန်ပေးဆောင်မှု မရှိသည့်အတွက် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများမှာနည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်နှိုင်မှု အခက်အခဲများဖြစ်ပေါ်နေ ခြင်းကြောင့် ပြည်နယ်အတွင်းသို့တရားမဝင်ကုန်သွယ်မှုများ ဝင်ရောက်မှုကို စစ်ဆေး ကြီးကြပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရမှ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့”ကိုဖွဲ့စည်းပြီး လွိုင်ကော်မြို့၊ နွားလဝိုးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အလှည့် ကျစစ်ဆေးကြီးကြပ်နိုင်ရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကိုအဖွဲ့ခွဲ၍ တာဝန်ချထား လျက်ရှိပြီး ၎င်းအဖွဲ့များမှပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုများတွင် တရားမဝင် ကုန်ပစ္စည်းများဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ကာ တရားမဝင်ကုန်ပစ္စည်း များနှင့်စပ်လျဉ်း၍ ထူးခြားမှုများရှိပါက အချိန်နှင့်တပြေးညီ ပြည်နယ်တရားမဝင် တိုက်ဖျက်ရေးအထူးအဖွဲ့သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။

DOCA(ကယား)