ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံး၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးတို့မှဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား အထိမ်းအမှတ်(World Consumer Right Day)လှုပ်ရှားမှုအနေဖြင့် ၁၅.၃.၂၀၂၂ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ဈေးများအတွင်းရှိ လမ်းသွားလမ်းလာ ဈေးဝယ်ပြည်သူများ၊ ကားဂိတ်များရှိခရီးသွားပြည်သူများနှင့် စတိုးဆိုင် ဈေးဝယ်ပြည်သူများနှင့် အခြားလမ်းသွားလမ်းလာ ပြည်သူများအား မတ်လ ၁၅ ရက်နေ့ သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ကြောင်းနှင့် မိမိတို့၏ အခွင့်အရေးများ၊ စားသုံးသူများအနေဖြင့် မိမိတို့၏ လိုအပ်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုများက်ု ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပြီး အခွင့်အရေးများ ချိုးဖောက်ခံရပါက လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှုးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm တွင် လည်းကောင်း၊ ဌာန၏ Facebook Page တွင်လည်းကောင်း သွားရောက်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များနှင့် ပို့စကဒ်များကို လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

            ၎င်းနောက် ဈေးတွင်းရှိ ဈေးသည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်အလက်နှင့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာထည့်သွင်းရန်လည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)