မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန့်မျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်စားသုံးသူရေးရာဌာနမှဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်၊ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ဇော်ထွန်းနှင့် စည်ပင်သာယာရေး အဖွဲ့မှ ဈေးတာဝန်ခံဦးစိုင်းဘိုဘိုထွန်းတို့ပါဝင်ပြီး မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်စည်ရောင်းချနေသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁၊၄၂၊၄၃ပါ ပြဌာန်းချက်များနှင့်အညီ ကုန်စည်များကို ထုတ်လုပ်ရောင်းချရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)