မအူပင်ကွမ်းသီးစိမ်းများ အရောင်းအဝယ်သွက်နေပြီး ရန်ကုန်သို့တင်ပို့လျက်ရှိ

Powered by Drupal

        မအူပင်မြို့နယ်တွင် ကွမ်းသီးစိမ်းများကို အရောင်းအဝယ်မပျက်ဘဲ နှစ်တစ်လည်လုံးရောင်းချနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ ရောင်းချနေသောကွမ်းသီးစိမ်းများကို မအူပင်မြို့နယ်တွင် စိုက်ပျိုးနေပြီး၊ ကျိုတ်လတ်မြို့မှလည်း မအူပင်ဈေးကွက်သို့တင်ပို့ရောင်းချနေကြောင်း၊  မအူပင်မှထွက်ရှိသော ကွမ်းသီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ကြောင်းလည်းသိရပါသည်။

       မအူပင်မြို့နယ်တွင် ရေလဲ၊ ရွှေတောင်ပေါ်၊ ဝါးတော။ ကွမ်းသီးချောင်း၊ အိုင်ဝိုင်း၊ ပန့်သပွတ်၊ မင်းဘော၊ ကျုံးစုတ်ကျေးရွာများတွင် စိုက်ပျိုးကြသည်။ မအူပင်ခရိုင်ချုပ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကွမ်းသီးပင်ဧက ၉၉၅ဧကစိုက်ပျိုးပြီး ၁၇၀ဧကရိတ်သိမ်းပြီး ၁၂၂၁၄၈ဧကထွက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၁၀၀၇ဧကလျာထားစိုက်ပျိုးကြောင်း မြို့နယ်စာရင်းအရသိရသည်။

      ကွမ်းသီးဈေးနှုန်းအနေဖြင့် ရှယ်လုံးကြီး ၁၅၀ကျပ်ဈေးရပြီး ၁၃၀ကျပ်၊ ၁၂၀ကျပ်အထိ ဈေးမနိမ့်ဆုံးဖြင့်ရောင်းရကြောင်း၊ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀၀လျှင် ဖောက်သည်ဈေး ငွေကျပ် ၁၄၈၀၀၀ဈေးနှုန်းရရှိသည်။  ကွမ်းသီးစိမ်းသည် ကွမ်းသီးအခြောက်ထက်ပိုရောင်းရကြောင်း ကွမ်းသီးရောင်းချသူထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)