![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/159.png?itok=pfpCWSoD)
မအူပင်မြို့နယ်တွင် ကွမ်းသီးစိမ်းများကို အရောင်းအဝယ်မပျက်ဘဲ နှစ်တစ်လည်လုံးရောင်းချနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ ရောင်းချနေသောကွမ်းသီးစိမ်းများကို မအူပင်မြို့နယ်တွင် စိုက်ပျိုးနေပြီး၊ ကျိုတ်လတ်မြို့မှလည်း မအူပင်ဈေးကွက်သို့တင်ပို့ရောင်းချနေကြောင်း၊ မအူပင်မှထွက်ရှိသော ကွမ်းသီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ကြောင်းလည်းသိရပါသည်။
မအူပင်မြို့နယ်တွင် ရေလဲ၊ ရွှေတောင်ပေါ်၊ ဝါးတော။ ကွမ်းသီးချောင်း၊ အိုင်ဝိုင်း၊ ပန့်သပွတ်၊ မင်းဘော၊ ကျုံးစုတ်ကျေးရွာများတွင် စိုက်ပျိုးကြသည်။ မအူပင်ခရိုင်ချုပ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကွမ်းသီးပင်ဧက ၉၉၅ဧကစိုက်ပျိုးပြီး ၁၇၀ဧကရိတ်သိမ်းပြီး ၁၂၂၁၄၈ဧကထွက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၁၀၀၇ဧကလျာထားစိုက်ပျိုးကြောင်း မြို့နယ်စာရင်းအရသိရသည်။
ကွမ်းသီးဈေးနှုန်းအနေဖြင့် ရှယ်လုံးကြီး ၁၅၀ကျပ်ဈေးရပြီး ၁၃၀ကျပ်၊ ၁၂၀ကျပ်အထိ ဈေးမနိမ့်ဆုံးဖြင့်ရောင်းရကြောင်း၊ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀၀လျှင် ဖောက်သည်ဈေး ငွေကျပ် ၁၄၈၀၀၀ဈေးနှုန်းရရှိသည်။ ကွမ်းသီးစိမ်းသည် ကွမ်းသီးအခြောက်ထက်ပိုရောင်းရကြောင်း ကွမ်းသီးရောင်းချသူထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)