စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်မှ ဝန်ထမ်းများသည် သံတွဲခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၁-၃-၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် သံတွဲမြို့၊ ဒွါရာဝတီဈေးကြီးအတွင်းသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်စွာသုံးစွဲနိုင်ရေးနှင့် ကုန်အညွှန်အမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ဈေးအတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများအား သွားရောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းနိုင်မှ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ မြန်မာဘာသာဖြင့် ဖော်ပြရန် ပြဌာန်ချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေပြဌာန်ချက်များအား သိရှိစေရေး လက်ကမ်း စာစောင်များပေးဝေးခြင်း၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ များမှလည်း FDA မှ ထုတ်ပြန်ထားသော စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဓါတုဆေးဝါးများ သုံးစွဲထားသော အလှကုန်ပစ္စည်းများမရောင်းချရေးတို့အား အသိပညာပေးရှင်းပြပြီး အလှကုန် ပစ္စည်းများအား စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)