အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦး သည် အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အင်တာနက်လိုင်း ပြတ်တောက်နေမှုအား သတ်မှတ်ရက်အတွင်း ပြင်ဆင်မပေးနိုင်ခြင်း၊ Customer Service အဆင်မပြေခြင်းနှင့် လိုင်းမကြာခဏပြတ်တောက်ခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက အင်တာနက်ကုမ္ပဏီသို့ အကြောင်းကြားခဲ့ရာ အင်တာနက်ကုမ္ပဏီက တိုင်ကြားသူသည် ၁၈-၆-၂၀၂၄ ရက်နေ့ တွင် အင်တာနက်လိုင်း အဆင်မပြေကြောင်း Customer Service Call Centre သို့ ဆက်သွယ် ပြောကြားလာသဖြင့် လိုင်းစစ်ဆေးကြည့်ရာ Fiber Error ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ပြင်ဆင်မှု များဆောင်ရွက်ပေးခဲ့၍ လိုင်းပြန်လည်ကောင်းမွန်သွားပါကြောင်း၊ ၂၁-၆-၂၀၂၄ ရက်နေ့တွင် အင်တာနက်လိုင်း ထပ်မံပြတ်တောက်သွားကြောင်း အကြောင်းကြားလာသဖြင့် Customer service မှ သက်ဆိုင်ရာ Maintenance Team သို့ အမြန်ဆုံးသွားရောက် ပြင်ဆင်ပေးရန် ပြောကြားခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် ၂၅-၆-၂၀၂၄ ရက်နေ့မှသာ ပြင်ဆင်မှုများ ပြီးစီးခဲ့ပါကြောင်း၊ Customer Service ဘက်မှ တိုင်ကြားသူထံ ဆက်သွယ်၍ လိုင်းအဆင်ပြေ/မပြေ မေးမြန်းခဲ့ရာ တိုင်ကြားသူမှ လိုင်းပြန်လည်ရရှိကြောင်း ပြောကြားခဲ့ပြီး  အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည့်ရက်များအတွက် ရက်အစားထိုး ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းကို တိုင်ကြားသူနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါကြောင်း အကြောင်းပြန်ကြားလာသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။