ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်မှ ဝန်ထမ်းများသည် (၂၁.၃.၂၀၂၂)ရက်နေ့တွင် စက်ဆီ/ချောဆီများရောင်းချလျက်ရှိသည့်ဆိုင်များသို့ ကျောက်မဲမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကသွားရောက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာ၌(၂)ရပ်ကွက်၊ စိတ္တသုခလမ်းရှိ သစ်ဆန်းပိုင်နှင့် အောင်ချမ်းသာ(၁)၊ (၂)ရပ်ကွက်၊ အောင်ဆန်းလမ်းမပေါ်ရှိဝင်းစတိုးနှင့် အောင်ချမ်းသာ(၂)၊ (၆)ရပ်ကွက်၊ပဥ္စသီလမ်းရှိ မိတ်သစ်နှင့် (၈)ရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ပင်လယ်ပြာစသည့်ထော်လာဂျီ/ ဆိုင်ကယ်နှင့် ကားပစ္စည်းအပိုအရောင်းဆိုင်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် Falcom အမှတ်တံဆိပ်၊ Traneအမှတ်တံဆိပ် နှင့် Crocoidle အမှတ်တံဆိပ်တို့နှင့်စပ်လျဉ်းပြီး ဈေးကွက်အတွင်း အတုအပများ/ဆင်တူယိုးမှားများ ထုတ်လုပ်ရောင်းချလျက်ရှိသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် သုံးစွဲသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ခြင်းအားရှေးရှု၍ အတု/အစစ်များ ခွဲခြားဝယ်ယူ/ရောင်းချ/သုံးစွဲနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
စစ်ဆေးခဲ့သည့်ဆိုင်များတွင် အဆိုပါတံဆိပ်များနှင့် ပတ်သက်၍ အတုအပများ/ဆင်တူယိုးမှားများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးရောင်းချရာ၌ ကုန်စည်၏ အရည်အသွေးအာမခံချက်အပြည့်အဝရရှိနိုင်မည့် ကုမ္ပဏီများမှသာ သေချာစွာစိစစ်ဝယ်ယူရောင်းချကြရန်(အသိပေး/သတိပေး) ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)