မြန်မာနိုင်ငံသည် ပြောင်းလဲတိုးတက်နေသောစီးပွားရေးကို လမ်းကြောင်းပြနေချိန်တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေးသည် ၎င်း၏ စီးပွားရေးမူဝါဒ၏ အဓိက မဏ္ဍိုင်ဖြစ်လာသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကွန်ရက်သို့ ပြန်လည်ပေါင်းစည်းရန် အာရုံစိုက်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကိုအာမခံရန်အတွက် စားသုံးသူများ၏အကျိုးစီးပွားကိုကာကွယ်ရန် အရေးကြီးပါသည်။
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး
မြန်မာနိုင်ငံသည် ကုန်သွယ်မှုနှင့် စီးပွားရေးကိုမြှင့်တင်ရန်အတွက် အရေးကြီးသောနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများနှင့် ဂေဟစနစ်အပြောင်းအလဲများကိုထိန်းညှိနှိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုများကို အထူးအားပေးလျက်ရှိသည်။ အထူးသဖြင့် မြန်မာ့ကုန်စည်များကို ဖိတ်ခေါ်နိုင်ရန်၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရန်၊ နိုင်ငံတကာအရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိသည်။
ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများတိုးတက်ကောင်းမွန်စေရန်အတွက် တင်ပို့ကုန်များ၏အရည်အသွေးမြှင့်တင်ရေးအစီအစဉ်များပြုလုပ်လျက်ရှိသည်။ စက်မှုဇုန်များ၊ စိုက်ပျိုးရေးကဏ္ဍများတွင် နည်းပညာအသစ်များဖြန့်ဝေခြင်းအားဖြင့် ထုတ်လုပ်မှုအကျိုးအမြတ်များတိုးတက်လာအောင် နည်းပညာနှင့် ဖွံ့ဖြိုးတိုးမှုအပေါ်ဦးတည်၍ ဆောင်ရွက် လျက်ရှိသည်။ အဓိကစီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အာရှစီးပွားရေးအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံရေးများကိုတိုးချဲ့ရန် ကြိုးပမ်းမှုများပြုလုပ်လျက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန်အတွက် အခွန်အခများလျှော့ချခြင်း၊ စီးပွားရေးဇုန်များတိုးချဲ့ခြင်းတို့ကို အဓိကထားလျက်ရှိသည်။
၎င်း၏အခြေခံအဆောက်အအုံများမြှင့်တင်ရန်၊ ကုန်သွယ်မှုမူဝါဒများဖြေလျှော့ပေးရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိုမြှင့်တင်ခြင်းဖြင့် ကုန်သွယ်မှုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုနှင့် စီးပွားရေးမြှင့်တင်ရေးမှာ မြန်မာ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်မည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။
အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး
ကုန်သွယ်မှုလွယ်ကူစေရန် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအရ နိုင်ငံအများစုသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစနစ်များနှင့် အဆက်အသွယ်ပြတ်လပ်ခြင်းများကိုဖြေရှင်းနိုင်ရန်အတွက် ပိုမိုပြည့်စုံသော အခြေခံအဆောက်အအုံများဖန်တီးရန် အားထုတ်နေကြသည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုသည် လမ်းများ၊ မီးရထားလိုင်းများနှင့် ဆိပ်ကမ်းများတိုးချဲ့ခြင်းမှစ၍ သွယ်တန်းပေးရေးနည်းပညာများအဆင့်မြှင့်တင်ခြင်းအထိ ကျယ်ပြန့်စွာပါဝင်ပါသည်။ ၎င်းသည် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အသွားအလာ အပြောင်းအလဲများကို ပိုမိုလွယ်ကူအောင်ပြုလုပ်ပေးပြီး ကုန်ပစ္စည်းများ၏ လုပ်ဆောင်မှုမြန်နှုန်းကို တိုးတက်စေသည်။
5G နှင့် အင်တာနက်အဆင့်မြှင့်စနစ်များအတွက် ရင်းနှီးမြှပ်နှံမျုများကိုတိုးမြှင့်ခြင်းဖြင့် နိုင်ငံပေါင်းစုံကြား အချက်အလက်ပို့ဆောင်မှုကို ပိုမိုမြန်ဆန်စေခြင်းဖြင့် ဆက်သွယ်ရေးနည်း ပညာများဆန်းသစ်တိုးတက်မှုများလုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လမ်းများ၊ မီးရထားလမ်းများ၊ လေဆိပ်များနှင့် ဆိပ်ကမ်းများ ပြင်ဆင်တိုးချဲ့နေပြီး ပြည်တွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးလွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေး အရပ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
ထုတ်လုပ်မှုနှင့် သွားလာရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်များ စည်းကမ်းတကျပေးဝေရန် စွမ်းအင်အရင်းအမြစ်များအားမြှင့်တင်ခြင်းကို အထူးအရေးထားဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုလွယ်ကူစေရန်အတွက် ဆိပ်ကမ်းများ၊ လမ်းများ၊ ရထားလမ်းများကဲ့သို့သော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာနိုင်ငံသည် Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကဲ့သို့သော အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းအများအပြားကို ဖော်ဆောင်လျက်ရှိသည်။ အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှုဗဟိုချက်အဖြစ် ချိတ်ဆက်မှုမြှင့်တင်ရန်ရည်ရွယ်လျက် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံများနှင့် စီးပွားရေးဇုန်ကြီးများသည် ကုန်သွယ်ရေးလုပ်ဆောင်မှုများအား အကောင်းဆုံးအဆင့်သို့ရောက်စေရန် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကိုကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကုန်သွယ်မှုလွတ်လပ်ခွင့်
မြန်မာနိုင်ငံသည် အာဆီယံ (ASEAN) ကဲ့သို့သောသော ဒေသတွင်းကုန်သွယ်မှုသဘောတူစာချုပ်များနှင့် တက်ကြွစွာပူးပေါင်းပါဝင်နေသော်လည်း ကုန်သွယ်မှုဖြေလျှော့မှုဆိုင်ရာမူဝါဒများကို ဆက်လက်ကျင့်သုံးလျက်ရှိရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေရန်၊ အကောက်ခွန်များလျှော့ချရန်နှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုဖယ်ရှားရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုသဘောတူညီချက်များတိုးမြှင့်ရန်နှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့ကဲ့သို့သော အဓိကကုန်သွယ်ဖက်များနှင့် ဆက်ဆံရေးကိုတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်တွင် မြန်မာနိုင်ငံမှပါဝင်မှုသည် ၎င်း၏ကုန်သွယ်မှုအခွင့်အလမ်းများကိုတိုးချဲ့ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ အကူအညီများ၊ အခွန်နှုန်းကန့်သတ်မှုများကိုလျှော့ချ၍ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဓိကကဏ္ဍများမြှင့်တင်ရေး
မြန်မာအစိုးရသည် စိုက်ပျိုးရေး၊ အထည်အလိပ်နှင့် ကုန်ထုတ်လုပ်ငန်း စသည့်အဓိကကဏ္ဍများကို စီးပွားရေးတိုးတက်မှုအတွက် တွန်းအားအဖြစ် ဖော်ထုတ်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်၊ ပဲနှင့် အခြားကုန်စည်များ အဓိကတင်သွင်းသူဖြစ်လာရန် ရည်မှန်းထားသောကြောင့် စိုက်ပျိုးရေးပို့ကုန်မြှင့်တင်ရေးသည် ဦးစားပေးဖြစ်သည်။ အထူးစီးပွားရေးဇုန်များ (SEZ) များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်ကာ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိ သည်။ စီးပွားရေးအရ မြန်မာနိုင်ငံသည် ကျယ်ပြန့်သောပြောင်းလဲမှုများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအစဉ်များဆောင်ရွက်လျက်ရှိသည်။ ထုတ်လုပ်မှုလမ်းကြောင်းများကို တိုးချဲ့ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာက စီးပွားရေးမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။ လျင်မြန်သော စီးပွားရေးမြှင့်တင်ရေးအတွက် အခြေခံအဆောက်အအုံများ၊ သွယ်ဝိုက်မှုနည်းပညာများနှင့် မြင့်မားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလိုအပ်ပါသည်။
မြန်မာနိုင်ငံရှိစားသုံးသူကာကွယ်ရေး
ကုန်သွယ်မှုတိုးလာသည်နှင့်အမျှ စားသုံးသူများအား တရားမျှတမှုမရှိသော အလေ့အကျင့်များမှ ကာကွယ်ခြင်းသည် ယခင်ထက် ပိုမိုအရေးကြီးလာသည်။ စျေးကွက်တွင် ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် နိုင်ငံသားအားလုံးအတွက် စီးပွားရေးတိုးတက်မှုကိုအာမခံရန်အတွက် ခိုင်မာသောစားသုံးသူအကာအကွယ်ပေးရေးမူဘောင်သည် မရှိမဖြစ်လိုအပ်ပါသည်။ ကုန်ပစ္စည်း အရည်အသွေးနှင့် သီးသန့်ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးမသင့်လျော်သည့် ကုန်ပစ္စည်းများကိုရှောင်ရန် စိစစ်မှုများ ပိုမိုတိုက်ရိုက်ဆောင်ရွက်လျက်ရှိသည်။ ကုန်ပစ္စည်းထုတ်လုပ်သူများကို လိုင်စင်ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းများရောင်းဝယ်သူများနှင့် ထုတ်လုပ်သူများကို ဥပဒေအရ စိစစ်ခြင်းနှင့် လိုင်စင်ပြုလုပ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။ စားသုံးသူများအားကာကွယ်ရန် အပြစ်ပေးမှုများပြုလုပ်ခြင်း၊ ဥပဒေအတိုင်း မလိုက်နာသောအမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သုံးစွဲသူများကို တင်ပြချက်၊ အကြံပြုချက်များနှင့် သတင်းအချက်အလက်များပေးခြင်းနှင့် သုံးစွဲသူများအနေဖြင့် ပစ္စည်းများကိုဖျက်သိမ်းခြင်း၊ ပြန်လည်၍ အပြန်အလှန်ပြုလုပ်နိုင်မှုအစီအစဉ်များဖွင့်လှစ်ပေးခြင်း စသည့်ဆောင်ရွက်ချက်များကို ကာကွယ်ရေးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုကောင်းစွာလုပ်ဆောင်သည့် အဖွဲ့အစည်းများမှ စနစ်တကျအောင်မြင်စွာ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးကို ပိုမိုအာရုံစိုက်၍ ကောင်းမွန်သောကုန်သွယ်မှုစနစ်တစ်ခုကိုတည်ဆောက်နိုင်ရန် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများပူးပေါင်းကာ စားသုံးသူကာကွယ်ရေးကိစ္စများတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။
ကိုးကား- ကုန်သွယ်မှုတွင် စားသုံးသူကာကွယ်ရေး အရေးပါပုံ ၂၀၂၄
DOCA(ရန်ကုန်)