![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပဲတီစိမ်း_21.jpg?itok=SQF9GMny)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ငမင်ကျေးရွာ၊ ပိတ်စွယ်စုံ၊ ဂွေးကုန်း၊ တလုပ်ပင်ညွှန့်၊ အောင်းစုကျေးရွာတို့တွင် ပဲတီစိမ်းများစိုက်ပျိုးလျက်ရှိပြီး တောင်တွင်းကြီး မြို့ပေါ်ရှိ ကုန်စည်ဒိုင်နှင့် ပွဲစားကုန်သည်များထံသို့ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၊ ကုန်သည်ဒိုင်တွင် ယခင်နှစ်ထက် ယခုနှစ်တွင် ပဲတီစိမ်း စိုက်တောင်သူများ စျေးကောင်းပိုမိုရရှိပါသည်။ ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၅၅၀၀၀)၊ ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၆၅၀၀၀) ဖြစ်၍ ကာလတူ နှစ်(၂)နှစ်ကို နှိုင်းယှဉ်ပါက ယခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲတီစိမ်း(၁) တင်းလျှင် ကျပ်(၁၀၀၀၀)စျေးတက်ကာ အရောင်းအဝယ်ဖြစ်ပြီး ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)