Main menu

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲတီစိမ်းစျေးကောင်းလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ငမင်ကျေးရွာ၊ ပိတ်စွယ်စုံ၊ ဂွေးကုန်း၊ တလုပ်ပင်ညွှန့်၊ အောင်းစုကျေးရွာတို့တွင် ပဲတီစိမ်းများစိုက်ပျိုးလျက်ရှိပြီး တောင်တွင်းကြီး မြို့ပေါ်ရှိ ကုန်စည်ဒိုင်နှင့် ပွဲစားကုန်သည်များထံသို့ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

      တောင်တွင်းကြီးမြို့၊ ကုန်သည်ဒိုင်တွင် ယခင်နှစ်ထက် ယခုနှစ်တွင် ပဲတီစိမ်း စိုက်‌တောင်သူများ စျေးကောင်းပိုမိုရရှိပါသည်။ ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၅၅၀၀၀)၊ ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၆၅၀၀၀) ဖြစ်၍  ကာလတူ နှစ်(၂)နှစ်ကို နှိုင်းယှဉ်ပါက ယခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပဲတီစိမ်း(၁) တင်းလျှင် ကျပ်(၁၀၀၀၀)စျေးတက်ကာ အရောင်းအဝယ်ဖြစ်ပြီး ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)