
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ စပါးဈေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လ၊ ဒုတိယအပတ်တွင် မိုးစပါး (၄၆)ပေါင်ပါ စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်အောက်သို့ရောက်ရှိခဲ့ရာမှ ဩဂုတ်လ တတိယပတ်တွင် ၄၆ပေါင်ပါတင်း (၁၀၀)လျှင် (၂၀၂၄၀၀၀)ကျပ်ရှိခဲ့ပြီး စပါးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ကာ အရောင်းအဝယ်ရှိကြောင်း စပါးကုန်သည်တစ်ဦးထံမှသိရှိရပါသည်။
မင်းလှမြို့နယ်ရှိဆန်ဈေးနှုန်းများမှာ မနောသုခဟောင်းတစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ရတနာတိုးတစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ဆင်း/ မနောသုခအသစ်တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)